သူမရဲ့ပရဟိတလုပ်ငန်းတွေမှာ တတ်နိုင်သမျှ ကူညီတဲ့ သူငယ်ချင်း မျိုးစန္ဒီကျော်ကို ကျေးဇူးတင်နေတဲ့ ခိုင်နှင်းဝေ.

ပရဟိတ မင်းသမီးကြီးလို့​တောင်​ တင်​စား​ခေါ်​ဝေါ်ကြတဲ့ သရုပ်ဆောင်​ ခိုင်နှင်းဝေက​တော့ သူမရဲ့ မွန်​မြတ်​တဲ့စိတ်​ထား​လေး​ကြောင့်​ ပရိသတ်​​တွေ လေးစားအားကျ ချစ်ခင်ကြသူတစ်​ဦးပါ။ အလှူအတန်းတွေမှာလည်း လက်မနှေးလှတဲ့ ခိုင်​နှင်း​ဝေက​တော့ လက်​ရှိမှာ မိဘမဲ့က​လေး​တွေကိုလည်း သူမကိုယ်​တိုင်​ ​မိခင်​အဖြစ်​ခံယူပြီး ​မွေးစား​နေတာပဲ ဖြစ်​ပါတယ်​။

ဒီ​နေ့​လေးမှာ​တော့ ခိုင်​နှင်း​ဝေက သူမရဲ့ပရဟိတအလုပ်တွေကို တတ်နိုင်တာလေးတွေ ကူညီပေးနေတဲ့ သူငယ်ချင်း မျိုးစန္ဒီကျော်ကို ကျေးဇူးတင်စကား ပြောခဲ့တာ တွေ့ရပါတယ်။ စိတ်ထားကောင်းတဲ့ သူငယ်ချင်းနှစ်ယောက်ကိုတော့ ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းစိတ်ထားကောင်းတဲ့ သူငယ်ချင်းလေးအကြောင်း ပြောပြလာတဲ့ ခိုင်နှင်းဝေရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေကတော့ “သူငယ်ချင်းဂျိုးဂျိုး ဒီနေ့ ကျမရဲ့ သားသမီးတွေဆီအလည်လာတယ် 😘 ကျမအပေါ်အမြဲတမ်းနားလည်မှုပေးပြီး ကျမရဲ့ပရဟိတလုပ်ငန်းတွေကိုလည်းအားပေးတယ်,သူကူညီနိုင်တဲ့အပိုင်းတွေမှာအမြဲအားတက်သရောပါဝင်ပေးတဲ့သူငယ်ချင်းကိုကျေးဇူးလဲတင်တယ်ချစ်လဲချစ်တယ် ❤️❤️❤️ ”

ဆိုပြီး သူမရဲ့ပရဟိတလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ကူညီတတ်တဲ့ စိတ်ထားလှတဲ့ သူငယ်ချင်းအကြောင်း ပြောလာတာပါ။

ခိုင်နှင်းဝေရဲ့ဂေဟာလေးမှာ ရှိတဲ့ ကလေးတွေကလည်း အပြစ်ကင်းစင်ပြင် ချစ်စရာကောင်းပါတယ်နော်…။

စိတ်ထားလှတဲ့ သူငယ်ချင်းနှစ်ဦး…။

ပရဟိတမင်းသမီးကြီး ခိုင်​နှင်း​ဝေက​တော့ အခုဆိုရင်​ မိဘမဲ့က​လေး​တွေကို မိခင်​အမည်​ခံပြီး ​မွေးစားထားတာ က​လေးတွေအများကြီးရဲ့မိခင်​ဖြစ်​လို့​နေပါပြီ။ မွန်​မြတ်​တဲ့ ​မေတ္တာတရား​တွေ ပြည့်​နှက်​​နေတဲ့ ခိုင်​နှင်း​ဝေက​တော့ ပရဟိတလုပ်​ငန်း​တွေအတွက်​ “ခိုင်​နှင်း​ဝေ ပရဟိတလူငယ်​များအသင်း”ကို တည်​​ထောင်​ထားတာပါ။

ချစ်​ပရိသတ်​​တွေ​လည်း ချစ်စရါစိတ်ဓါတ်ပိုင်​ရှင်​​​​​လေးတွေဖြစ်တဲ့ ခိုင်​နှင်း​ဝေနဲ့ မျိုးစန္ဒီကျော်တို့ သူငယ်ချင်းနှစ်ဦးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source:Khine Hnin Wai’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *