ဖြစ်ရပ်မှန် ဇာတ်လမ်းတပုဒ်အဘအောင်မင်းခေါင်၏ မစမှု ခံရသူတစ်ယောက်

မခင်လှက အညာသူ ရိုးရိုးအအကြီးစာကလည်းသေစာရှင်စာဖတ်တတ်ရုံ ဘုရားတရားတော့ ကြည်ညိုသလားမမေးနဲ့ ဈေးရောင်းပြန်လာတာနဲ့ ယောဂီဝတ်လဲပီး ဘုရားစင်ရှေ့မှာရတတ်သမျှ ဘုရားစာကို ကပေါက်တိ ကပေါက်ချာအကုန်ရွတ် … ။ မခင်လှယောကျာ်းကကုန်ထမ်းသမားစကားနည်းရန်စဲမိန်းမဘာလုပ်လုပ်…တစ်ခွန်းမှ မဟတဲ့သူ ။

တစ်နေ့ သူ့အနားက ပလာစတာရုပ်သည်ဆီမှာ ထူးထူးဆန်းဆန်းအရုပ် တစ်ရုပ်တွေ့လို့မေးကြည့်တော့ အော်ညည်းနှယ့်အေဘိုးမင်းခေါင်တောင် မသိဘူးလား အံ့ပါ့ဈေးရောင်းကောင်းတယ်တော့သူကရေနွေးကြမ်းတော့ ကြိုက်တယ် …ဟုတ်ပါ့ ဒူးတစ်ဖက်ပေါ်တစ်ဖက်ထပ်လို့ဒူးပေါ်တင်ထားတဲ့လက်က ရေနွေးခွက်ထည့်လို့အတော်ပဲဈေးရောင်းကောင်းတယ်ဆိုလို့မခင်လှစိတ်ဝင်စားသွားပြီးဘိုးတော်ရုပ်ကလေးကိုဝယ် အိမ်ဦးခန်းအခန့်သား တင်ထားလိုက်ပါတယ် ။

မနက်ဈေးထွက်ခါနီးတိုင်း ဘုရားကန်တော့ပီးတာနဲ့လဘက်ရည်ကြမ်းပုဂံ သေးသေးလေးထဲကို ဘိုးတော်လက်ထဲထည့်ပီးအဘဈေးရောင်းကောင်း အောင်မစ ဦးနော် သမီးသွားတော့မယ်ဈေးထွက်ခါနီးတိုင်းမခင်လှပြော နေကျစကား … ။ တနေ့တော့ ကပျာကယာထွက်လာရင်းရေနွေးခွက်လက်ထဲမထည့်မိဘူး ကဲအဘရေ ကိုယ့်ဘာသာယူသောက်ပေတော့လို့ပြောပြီး ဈေးရောင်းထွက် ။ပြီးတာနဲ့ ဒိုင်ဆီသွား ပေးစရာရှိတာတွေပေးပြီးတာနဲ့ အိမ်ပြန်အလာမှာ …

ပုဆိုးကွက်ကျဲနဲ့လူကြီးတစ်ယောက်မခင်လှရှေ့မှာဗြုန်းကနဲရောက်လာပြီး ရော့ ဒီငွေနှစ်ကျပ်ကိုယူ ထီထိုးလိုက်ပေါက်တဲ့ငွေကို နင်မသုံးနဲ့ ရွှေတိဂုံဘုရားမှာရွှေသင်္ကန်းသွားလှုချည်ကတဲအကြမ်းပုဂံလေးတောင်လက်ထဲမထည့်နိုင်ဘူး ။ လူကြီးက ငွေနှစ်ကျပ်ထိုးပေးပြီးချာကနဲ လှည့်ထွက်သွားပါတယ် ။ မခင်လှစိတ်ထဲမှာ နည်းနည်းတော့ထူးဆန်းနေတာအမှန် … သူနဲ့လည်းမသိတစ်ခါမှ မမြင်ဖူးပဲနဲ့ ရေနွေးပုဂံကိစ္စကိုသူဘယ်လိုသိပါ့လိမ့် … သိပ်စဉ်းစားမနေတော့ပဲ မခင်လှအပြန်လမ်းမှာ သူပေးလိုက်တဲ့ ငွေနှစ်ကျပ်ကို မုန့်ဟင်းခါးဝယ်စားလိုက်ပါတော့တယ် ။

အိမ်မှုကိစ္စတွေပီးလို့ ဘုရားစင်ရှေ့ထိုင်ဘုရားရှိခိုး ပုတီးစိပ် အမျှဝေပီးတဲ့ချိန်မှာတစ်စုံတစ်ယောက်က မခင်လှရဲ့ ပါး နှစ်ဘက်ကို ဖျန်းကနဲရိုက်လိုက်ပီး နင်တော်တော်အသုံးမကျတဲ့ သမီး … ငါပေးတဲ့ပိုက်ဆံကို မုန့်ဝယ်စားရလား မိုက်လိုက်တာ … နင့်အပြစ်အတွက်ဒီနေ့စပြီးသုံးလတိတိ ဘုရားဂုဏ်တော် ၉ ပါးကို တစ်နေ့ဆယ်ပတ်ရအောင်စိပ် ဆိုတဲ့အသံသြဇာအပြည့်နဲ့ပြော လိုက်သံကို ကြားလိုက်ရပါတယ် ။

မခင်လှတစ်ယောက်ထူပူနေလို့ ဘာပြောရမှန်းလည်းမသိ … လူလည်း မမြင်ရပဲနဲ့ … သူ့ပါးကိုရိုက်သွားတာကြောက်လိုက်တာ မပြောနဲ့တော့ သူပြောသလိုမလုပ်ရင် ထပ်ရိုက်မှာ ကျိန်းသေတယ် ။ အဲသည်နေ့ကစပြီး မခင်လှဟာနေ့စဉ်နေ့တိုင်း ကြောက်ကြောက်နဲ့ ဂုဏ်တော်၉ပါးကို ပုတီးဖိစိပ်ပါတော့တယ် ။

တစ်နေ့ ပုတီးစိပ်ပြီးခါနီး ငါးခြောက်ဖိုးဆီ စိတ်ရောက်သွားပီး စာအုပ်ထဲ မှတ်လိုက်သလားမမှတ်လိုက်ဘူးလားဆိုပီး ဒွိဟဖြစ်နေတဲ့ချိန်ဟဲ့ ခင်လှ ငါးခြောက်ကနင့်ကိုကယ်မှမဟုတ်ဘူး ကုသိုလ်က ကယ်မှာ နင့်စိတ်ကိုပုတီးစေ့နဲ့တစ်သားထဲကပ်ထားစမ်း … အစကပြန်စိပ် …ဘေးနားကထိုင်ကြည့်နေသလိုခင်လှစိတ်ထဲကတွေးတာတောင်သိနေတော့ … ကြောက်ကြောက်နဲ့ အစကပြန်စိပ်လိုက်ရတာ နာရီပြန် တစ်ချက်ကိုထိုးရော ။

အိပ်ချင်စိတ်ကလုံးဝမရှိ အဘပြောတဲ့အတိုင်းကိုယ့်စိတ်ကို ပုတီးနဲ့တစ်သားထဲကပ်ထားတော့စိပ်လေမိလေ မိလေစိပ်လေနဲ့ … ပုတီးစိပ်ရတာအရသာရှိလာတယ် ။ အဘကိုဘိုးမင်းခေါင်မှန်းသိပီးတဲ့ချိန်ကစပီးကြောက်စိတ်လည်းလျော့သွားတယ်။ ဆုံးသွားတဲ့အဖေလိုလည်း ပိုပီးခင်တွယ်လာတယ် ။ စိတ်ထဲမှာဒါငါ့အဖေလို့ခံယူလိုက်ပီးမခင်လှတွတ်တီးတွတ်တာပြောတတ်လာတယ် ။

” အဘ ” ဟဲ့ ဘာတုန်း … ” သူများတွေများ ချဲပေါက်လိုက်ကြတာ သမီးလည်း ပေါက်ချင်တယ် အဘ ” ” နင်က သူများပိုက်ဆံ လိုချင်နေတာကိုး လောဘနောက်မှာ သောကရှိတယ် လောဘ နဲ့ သောကက လင်မယားလိုခွဲမရဘူးဟ ” “အဘကလည်း … တစ်ခါလောက်ပေါက်ဖူးတယ်ဆို တော်ပါပီ အဘရဲ့ ” “အေး … မနက်ကျ နင်သွားမယ့်လမ်းမှာ၅ဝဝတန်တစ်ရွက်ချထားမယ် ဒါကိုတစ်ခါထဲထိုးလာခဲ့ဘောင်ချာကိုငါ့ပုံတော်အောက်မှာဖိထားချည် ကြားလား လုပ်စရာ တွေ ငါ့မှာအများကြီး ”

၅ဝဝတန်အသစ်လေးအသာလေးကောက်အဘပေးတဲ့ဂဏန်းသွားထိုးတော့ … ဒါ ကထွက်ပီးသားကြီးအမ တခြားဟာပြောင်းထိုးပါလားလို့တောင် ဒိုင်ကပြောလိုက်သေး။ဘောင်ချာစာရွက်လေး အဘပုံတော်အောက်မှာဖိထားလုပ်စရာရှိတာလုပ် အချိန်မှန် ပုတီးစိပ် …

အမရေ ဗျိုး … အမခင်လှ အံ့ရောဗျာ ဒီမှာအမ ၅၀၀ ဖိုးပေါက်တယ် ကျနော့်လည်းမုန့်ဖိုးပေးဦး ။ လှမ်းပေးတဲ့ငွေအထပ်လိုက်ကိုယူလိုက်ပြီး မုန့်ဖိုး ၅၀၀၀ ပေးလိုက်တယ် ။ မခင်လှပျော်လိုက်တာမပြောပါနဲ့တော့ ချဲပေါက်ဖူးသွားပီလေ … အဘကလည်း မှန်လိုက်တာမှ တန်းနေတာပဲ ။ လာလျော်တဲ့ငွေကို အဘရုပ်တုအောက်မှာအသာလေးဖိထားပီး ညကျအဘရောက်လာရင်ငါသုံးရချည်ရဲ့လို့တွေးနေတဲ့ခင်လှမှန်းချက်နဲ့နှမ်းထွက်မကိုက်ပုံများ …

ဟေ့ …ငွေ ၅ဝဝဝလိုနေတယ် လာထပ်ဖြည့်ဒါ နင့်ပိုက်ဆံမဟုတ်ဘူး ငါ့ငွေနဲ့ထိုးတာ အပူစာတွေ စားရလိမ့်မယ်မမျှော်လင့်နဲ့ … လော ဘနဲ့သေရင် ပြိတ္တာ ဒေါသနဲ့သေတော့ ငရဲမောဟနဲ့ သေရင် တိရစ္ဆာန် ကျပ်ကျပ်သတိထား အနေကျပ်မှအသေချောင်တာ နင့်ကို အပါယ်ကျမှာစိုးလို့ ငါလာကယ်နေတာ ။ ခင်လှဖွတ်မရ ဓါးမ, ဆုံး အိတ်ထဲက ၅ဝဝဝတောင်စိုက်လိုက်ရသေး … အဘက သိသာရုံလုပ်ပြတာထင်ပါရဲ့ ခဏနေတော့ ပုံတော် အောက်ဖိထားတဲ့ ငွေတွေမရှိတော့ဘူး ။

အင်းဝမင်းခေါင်

ပုတီးပတ်ပီးလို့ ဆက်ထိုင်နေရင်း မျက်လွှာကိုချ အဘကိုအာရုံထဲမှာ မြင်အောင်ကြည့်နေတဲ့မခင်လှမျက်လုံးထဲမှာ … ရွှေရောင်တဝင်းဝင်း နန်းဆောင်ကြီးတွေ ပိုးဖဲကတ္တီပါဝတ်ဆင်ထားတဲ့ နန်းတွင်းသူ နန်းတွင်းသားတွေ အဘကကြက်သွေးရောင်ကတ္တီပါဝတ်လုံကြီးဝတ်လို့ ခန့်ငြားလိုက်တာလေ ပြီးတော့သလွန်ပေါ်မှာထိုင်နေတဲ့မင်းသမီးတစ်ပါး … ဟယ် မင်းသမီးလေးက ငါ့မျက်နှာနဲ့ တစ်ထပ်ထဲပါလား ။

တဖြေးဖြေး သမာဓိတွေကောင်းလာလေ မြင်ကွင်းတွေက တကယ့်သက်ရှိအလား ပိုပြီး ပီပြင်လာလေ … ခင်လှရင်ထဲမှာ ဝမ်းနည်းဝမ်းသာကြီးဖြစ်လို့ … အဘက အင်းဝမင်းခေါင်ဆိုပါလား … ဒါဆိုငါက သူ့သမီးတော်လေးများလား ခင်လှရယ် ။ ခင်လှ … ငါပြောတာသေချာနားထောင်စမ်းမနက်ဖြန်နှစ်ဆန်းတစ်ရက်နေ့ ဘုရားစင်ကစပြီး တစ်အိမ်လုံး သန့်ရှင်းရေးလုပ် ဘုရား စင်ရှေ့မှာ ပိတ်ဖြူခင်းပီး ဆန်ဆီဆားငြုတ်သွန်ကစပြီး နင့်မှာရှိတဲ့ ရွှေငွေအကုန်ထည့်နားထဲက နားကပ်ပါရေနဲ့သေချာဆေးပီး လှု နဝင်္ဂသီလဆောက်တည်ပီး ×××× ဒီဂါထာကို ည ဆယ်နာရီထိုးတဲ့ထိ ပုတီးစပ်နေ …

အိမ်တံခါးတွေ အကုန်ပိတ်ထား အပြင်လုံးဝမထွက်နဲ့ အပြင်ကလူလည်းဝင်မလာစေနဲ့ဆယ်နာရီထိုးပြီးရင် ဘုရားကိုလှုထားတာတွေပြန်စွန့်ပီး သူ့နေရာသူပြန်ထား နင်သိလာလိမ့်မယ် … ငါအရေးတကြီးသွားစရာရှိတယ် … ။ မခင်လှ အဘမှာတဲ့အတိုင်း တသွေမတိမ်းနားထဲကနားကပ်ပါ သရော်ကင်ပွန်းနဲ့ဆေးပီး ဘုရားကိုလှုပါတယ် ။ မနက် အရုဏ်ဆွမ်းကပ်ဖို့နဲ့ ဆွမ်းလောင်းဖို့ ဆန်နှစ်လုံးစောစောထချက်ပီးဆွမ်းလောင်းလိုက်တာသံဃာတော်က ၆၈ ပါး ။ အိမ်ကဘုရားပါ ဆွမ်းတော်ကပ်ပြီးတာတောင်ထမင်းအိုးထဲမှာတစ်ဝက်ကျော်ကျန်သေးတယ် ။

မခင်လှတစ်သက်နဲ့ တစ်ကိုယ်မကြုံဘူးလို့ဝမ်းသာလိုက်တာလေ … အဘပုံတော်ကိုနဖူးနဲ့ တိုက်တိုက်ပီးကန်တော့ရင်းမျက်ရည်တွေပါစီးကျလာပါတယ် ။ ( ဂါထာတော်ကို တောင်းပေမယ့် ယနေ့ထိဘယ်သူမှ မပေးပါဘူး ။ တစ်နှစ်ပတ်လုံးဆန်ဆီ မဝယ်ရတော့ဘူးလို့သိရပါတယ် )

အခုတင်ပြနေတဲ့ဇာတ်လမ်းဟာစိတ်ကူးယဉ်ချဲ့ထွင်ရေးထားတဲ့အဖြစ်ပျက်မဟုတ်ပါဘူး ။ကာယကံရှင်ကိုယ်တိုင်ပြန်လည်ပြောပြတဲ့ဖြစ်ရပ်မှန်ကိုအဘနဲ့ပတ်သက်တဲ့သားသမီးတွေသိစေချင်တဲ့စေတနာနဲ့အချိန်ကုန်ခံပြီးမျှဝေပေးနေတာဖြစ်ပါတယ်။ တစ်ချို့အကြောင်းအရာတွေကိုသာမန်လူတွေယုံမှားသံသယဖြစ်စေနိုင်လို့ ချန်လှပ်ထားခဲ့ပါတယ် ။ ကိုယ့်ထက်တတ်သိတဲ့ပညာရှင်တွေ အများကြီးရှိပါတယ် ။ နှစ်သက်မှ ဖတ်ပါ ။ မည်သူ့ကိုမှယုံကြည်ပါလို့မတိုက်တွန်းပါဘူး ” လောကမှာ မဖြစ်နိုင်စရာမရှိမဖြစ်သေးတာပဲ ရှိပါတယ် ”

ခရက်ဒစ် – မနောမယ ဂျာနယ်

Leave a Reply

Your email address will not be published. Required fields are marked *