ဘာမှစိုက်မထားတဲ့ ပန်းအိုးအလွတ်ထဲကနေ ဗောဓိညောင်ပင် အလိုလိုပေါက်လာလို့ အံ့သြ၀မ်းသာနေတဲ့ ဆုပန်ထွာ

မေမေဆုပန်ထွာရယ် ဖေဖေဥက္ကာကျော်ရယ် ပြီးတော့ သားလေး Roar Roarတို့ဟာ သုံးယောက်တည်းနဲ့ပြီးပြည့်စုံတဲ့ မိသားစုကမ္ဘာလေးကိုပိုင်ဆိုင်ထားပါတယ်နော်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ သာယာတဲ့ မိသားစုလေးမို့ ပရိတ်သတ်တွေကတောင်အားကျလို့နေခဲ့ရပါတယ်နော်။

ကိုယ်ပိုင်မိသားစုလေးနဲ့ သာယာနေတဲ့ မင်းသမီးချောလေးဆုပန်ထွာဟာလည်း အရင်ကလို ဇာတ်လမ်း ဇာတ်ကားတွေမရိုက်ဖြစ်တော့ပေမယ့် သူမကိုယ်တိုင်ဖန်တီးထားတဲ့ သီချင်းခွေသစ်လေးကိုတော့ ဒီနှစ်ထဲမှာ ပရိတ်သတ်တွေလက်ထဲအရောက်ထည့်ပေးနိုင်ခဲ့ပါတယ်နော်။

သူမဟာ သရုပ်ဆောင်လုပ်ကတည်းက သူမချစ်တဲ့အနုပညာအလုပ်တွေကို အပတ်တကုတ်နဲ့ ပရိတ်သတ်တွေအပေါ်စေတနာထားပြီးကြိုးစားတတ်တာကြောင့် အားလုံးရဲ့ချစ်ခင်အားပေးမှုကိုလည်း သူမဟာ တစ်ခဲနက်ရရှိထားခဲ့ပါသေးတယ်။

ဘယ်အရာပဲလုပ်လုပ်စေတနာထားပြီးလုပ်တတ်တဲ့ သူမဟာ မိသားစုအပေါ်အချိန်ပေးနေရပေမယ့် အလှူအတန်းတွေလည်း အချိန်ရရင်ရသလို ရောက်တဲ့နေရာမှာရောက်သလို လှူဒါန်းကုသိုလ်ယူလေ့ရှိတာကိုလည်းတွေ့ရပါတယ်နော်။

ဒါကြောင့်စေတနာကောင်းရင် ကံကောင်းမယ်ဆိုတဲ့ စကားအတိုင်း ကံကောင်းလို့လား အကြောင်းတိုက်ဆိုင်တာလား မသိပေမယ့် ထူးခြားဖြစ်စဉ်လေးတစ်ခုကိုတော့ကြုံတွေ့ခဲ့ရပါတယ်နော်။

ဒါကိုသူမက ” ဒီမနက်နိုးတော့ ဘုရားသောက်တော်ရေတွေလဲဖို့ဝရန်တာထွက်တာ အရှေ့ကပန်းအိုးလွတ်ထဲ ဗောဓိညောင်ပင်လာပေါက်နေတာ အံ့သြစရာ။ ကိုယ့်စိတ်ထဲ တခြားအပင်ဒီလိုပဲအလေ့ကျပင်ပေါက်တယ်ထင်မိတာလေ။ သေချာကြည့်တော့မှ ညောင်ပင်ဖြစ်နေတယ်။

ဒယ်ဒယ်ပြောတာတော့ညောင်စေ့ကိုဌက်တွေချီလာတာနေမှာပေါ့တဲ့။ ဌက်တွေကလဲဒီအိုးထဲတန်းတန်းမတ်မတ်ညောင်စေ့လာချသလားပဲ။ ကိုယ့်အတွက်ထူးဆန်းသလိုလိုရှိပေမယ့်၊ မထူးဆန်းပါဘူးလို့လဲပြောလို့ရပြန်ပါတယ်။

“ဆိုပြီးတော့ သူမစိတ်ထဲထင်တာလေးကိုပြောပြခဲ့ပြန်ပါတယ်နော်။ တကယ်သာ ဘာကြောင့်နဲ့မှမဟုတ်ဘဲ ဗောဓိညောင်သာအလိုလိုထပေါက်ခဲ့တယ်ဆိုရင်တော့ တကယ့်ကိုအံ့အားသင့်စရာကိစ္စပါပဲနော် ပရိတ်သတ်ကြီးရေ…

crd :

Leave a Reply

Your email address will not be published. Required fields are marked *