ရိုက်ကူးရေး အဖွဲ့သား တွေကို ကိုယ်တိုင် ကြာဇံကြော်ကျွေးခဲ့တဲ့ ကောင်းထက်ဇော်ရဲ့ ချစ်သူ

အစီအစဉ်တင်ဆက်သူတွေထဲမှာ ကို နာမည်အကြော်ကြားဆုံးနဲ့ အစီအစဉ်များစွာကို တင်ဆက်ရသူလို့ပြောရမယ့် ကောင်ထက်ဇော်ဟာ သူ့ရဲ့ အဖွဲ့သားတွေနဲ့ရော ပရိသတ်တွေနဲ့ပါ အရမ်းကို ခင်မင် ရင်းနှီးဖော်ရွေ တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူက လက်ရှိ Channel 7 မှာ ပြသနေတဲ့ မိသားစုပြိုင်ပွဲ အစီအစဉ်၊ Money Drop Myanmar အစီအစဉ်တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ရိုက်ကူးနေပြီး တကယ့်ကို အောင်မြင်တဲ့ အစီအစဉ်တွေလဲ ဖြစ်ပါတယ်။ သူက အစီအစဉ်တွေရိုက်ကူးပြီးစီးတိုင်းမှာ မုန့်ဝယ်ကျွေးလေ့ရှိတယ်လို့လဲ သိရပါတယ်။

ဒီတစ်ခါမှာတော့ ကောင်းထက်ဇော် က မိသားစုပြိုင်ပွဲအစီအစဉ် အပြီးမှာ အရမ်းကိုအရသာရှိတဲ့ မုန့်လေးကို လုပ်ကျွေးခဲ့ပါတယ်တဲ့ ။ ကောင်ထက်ဇော်ရဲ့ ချစ်သူလေးကိုယ်တိုင်က ကြော်ကျွေးခဲ့တဲ့ ကြာဇံကြော်လေးကို စားပြီး သူတို့နှစ်ယောက်အတွက် ရိုက်ကူးရေးအဖွဲ့သားတွေက ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

သူတို့ပြောခဲ့ကြတာကတော့ “ ရိုက်ကူးရေးနောက်ဆုံးနေ့တို င်းရိုက်ကူးရေးအဖွဲ့သား လူ(100)ကျော်နှင့်လုံခြုံေ ရး/သန့်ရှင်းရေးမကျန်အမြဲမုန့်ဝယ်ကျွေးနေကြကွီးကောင်း 😍😍 ဒီနေ့တော့မိသားစုပြိုင်ပွဲရိုက်ကူးရေး(8) ရက်ပြီး

ဆုံးလို့ကွီးကောင်းချစ်ချစ်ကိုယ်တိုင်ကြော်ကျွေးတဲ့ကြာဇံကြော်တွေအားရပါးရစားနေကြတဲ့အဖွဲ့သားတွေတပျော်တပါးအမှတ်တရလေးလာတင်တာပါရှင့် 😘😘😘 ကွီးကောင်းနှင့်ကွီးချစ်ချစ်တို့်ဆထပ်တိုးပြီးကျွေးမွေးလှူ ဒါန်းနို င်ပါစေနော် 🙏🙏🙏” လို့ ဆိုပြီး ကျော့ကေခိုင် ကရေးသားခဲ့ပါတယ်။

ကောင်းထက်ဇော်က ချစ်သူဖြစ်သူကို မကြာသေးခင်ကမှာ ချပြခဲ့ပြီး ချစ်သူကောင်မလေးက တော်တော် လေးကိုချောတာကြောင့် ပရိသတ်တွေက အရမ်းကိုသဘောတူနေကြပါတယ်။ ကောင်းထက်ဇော်က တော့မကြာခင်မှာ မင်္ဂလာသတင်းကြားရတော့မယ်ဆိုတဲ့ အကြောင်းကို လဲ အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။

ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

May Phyo(MML)
Source – ကျော့ကေခိုင် .

Leave a Reply

Your email address will not be published. Required fields are marked *