Line Walker 2 ထဲမှာ စက္ကန့်ကို တဝက်ဝက်လိုက်ရင် သူ့မျက်နှာကို မြင်ရနိုင်တယ်ဆိုတဲ့ မင်းရာဇာ

တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့ဖိုက်တင်ကားတွေကို ယုံကြည်ချက်အပြည့်နဲ့သရုပ်ဆောင်ရိုက်ကူးနေတဲ့ သရုပ်ဆောင်မင်းရာဇာကတော့ Line Walker 2 မှာလည်း ဗီလိန်တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခွင့်လည်းရထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ Line Walker Media Show မှာ ဇာတ်ကားနဲ့ ပတ်သက်ပြီး သူရဲ့ အမြင်တွေကို ဆယ်လီရပ်ကွက်နဲ့ အင်တာဗျူးမှာပြောပြသွားပါတယ် ။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြောပြပေးလိုက်ပါတယ် ။

မင်းရာဇာက “ အမြင်ကတော့ သူတို့ Line Walker 1 အတိုင်းပဲပေါ့ သေနတ်သံတွေ ဆူညံနေမယ် လူအင်အားတွေ အများကြီးသုံးမယ် ။ ကားတွေနဲ့ ပစ်ကြခတ်ကြမယ်ပေါ့ ဇာတ်အိမ် လေးကတော့ ပါးပါးလေးပါပဲ ။

သူက အဓိက Presentation ကိုအဓ်ကထားပြီး လုပ်သွားတဲ့အတွက်ဇာတ်အိမ်ကို ကြီးအောင် ဖန်တီးထားတယ် Presentation ကို ဦးစားပေးထားတယ် မိုက်ပါတယ် ဗျ။

ရိုက်ကွင်းမှာ ကျနော်တို့ကြည့်တုန်းက သေနတ်သံတွေဆို အရမ်းပြင်းထန်တယ်ပေါ့ ။ အခုဇာတ်ကားထဲမှာ ကြည့်တော့ အဲ့ဒီထက်ကို ပိုပြီးတော့ မိုက်ပါတယ် ။ ဟက်စကီးဆိုလည်း မြို့လည်ကောင်မှာ ပေးပျံခွင့်မရှိဘူး ကရိန်းနဲ့ ပဲချိတ်ရိုက်ရတယ် ။

CG နဲ့ပဲ သူတို့ ပန်ကာတွေဘာတွေ ဖန်တီးသွားတယ် အောက်က အပင်တွေ ဘာတွေလုပ်သွားတယ်ပေါ့ ။ဒီအပိုင်းလေးတွေကို မြို့လယ်ခေါင်မှာ Hotshot မြင်ရတာတော့ လုံးဝမိုက်တယ် ။

Trailer ကတော့ စက္ကန့်ကို တဝက်ဝက်ရင် ကျနော့်မျက်နှာမြင်ရမယ်ထင်ပါတယ်။ အစောကြီးကတည်းက အဲ့ဒီတခန်းပဲ ပါမယ်သိတယ် ။ အမှန်တိုင်းပြောရရင် ဆင်ဆာ ဖြတ်တဲ့အထဲမှာ ပါသွားမှာ မြန်မာနိုင်ငံမှာဆိုတော့ ဆင်ဆာဖြတ်တဲ့အထဲမှာ ပါသွားတာ စိုးရိမ်သေးတယ် ။ ဒါပဲမယ့် ကံမကောင်းတာက ရော့ကတ်က မျက်နှာကွယ်သွားတော့ မမြင်လိုက်ရဘူး ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

crd :

Leave a Reply

Your email address will not be published. Required fields are marked *