ဝေကြီးကိုယ်တိုင်ရေးစပ်ပေးထားတဲ့သီချင်းသစ်ကို ချပြလိုက်တဲ့ ရတနာဖြူဖြူအောင်

ရတနာဖြူဖြူအောင်ကတော့ ယဉ်ယဉ်လေးနဲ့ မြန်မာဆန်ဆန်နေတတ်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုတာကို ခံနေရတဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပုရိသတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ အနုပညာရှင်တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

ဒီနေ့သြဂုတ်လ(၇)ရက်နေ့ကတော့ ပရိသတ်အချစ်တော် ရတနာဖြူဖြူအောင်ရဲ့ မွေးနေ့လေးဖြစ်ပါတယ်။ ဒီမွေးနေ့လေးမှာတော့ ရတနာဖြူဖြူအောင်က ကိုယ်တိုင်သီဆိုထားတဲ့ ” မျှော်လင့်ရင်း”ဆိုတဲ့ သီချင်းသစ်လေးတစ်ပုဒ်ကို ချစ်ရတဲ့ ပရိသတ်တွေအတွက် အမှတ်တရလက်ဆောင်ပေးသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီသီချင်းလေးကို အသဲကွဲဘုရင်တစ်ပါးအဖြစ် ပရိသတ်အသိအမှတ်ပြုတာကို လက်ခံရရှိနေတဲ့ တေးရေးဆရာဝေကြီးက ရေးစပ်ပေးခဲ့တာဖြစ်ပြီး”

ကောင်လေးအနိုင်ကျင့် ဆိုးသမျှကို ချစ်သူကောင်မလေးက အလျှော့ပေးပြီး အချစ်တွေကို မျှော်လင့်ရင်း ပေးဆပ်အချစ်တွေနဲ့ ချစ်မြဲတိုင်းချစ်နေမယ်” ဆိုတဲ့အကြောင်းကိုရေးစပ်ထားတဲ့ သီချင်းလေးဖြစ်ပါတယ်။့ရတနာဖြူဖြူအောင်ရဲ့ သီချင်းသစ်လေးကို နားဆင်ပေးသွားပါဦးနော်

crd :

Leave a Reply

Your email address will not be published. Required fields are marked *