ချစ်သူမထားပါနဲ့ ရည်းစားထားပါ

ခေါင်းစဉ်ကြောင့် နည်းနည်းကြောင်သွားနိုင်တယ် ချစ်သူမထားမှတော့ အသဲကကွဲပါဦးမလားပေါ့ ပြောချင်တာက ချစ်သူမထားပါနဲ့ ရည်းစားထားပါ ရှုပ်သွားလားတော့မသိ.. ဒီလိုစိတ်ကစားတတ်တဲ့အရွယ်မှာ ရည်းစားတွေကြိုက်သလောက်ထားပစ် ထားလို့ရတယ်

၃ယောက်၎ယောက် တစ်ပြိုင်နက်တွဲရုံမကလို့ တစ်နေ့တစ်ယောက်ပဲတွဲတွဲ.တစ်ခုတော့ရှိတယ် ချစ်သူလို့တော့မသတ်မှတ်လိုက်ပါနဲ့ များသောအားဖြင့်လူတွေက ရည်းစားလေးတစ်ယောက်ရလာရင် အဲ့လူကိုအရုးအမူးချစ်မိသွားတယ်လို့ ထင်နေကြတယ်

ဒီလူမှမရှိရင်ငါမဖြစ်ဘူး ဆိုတာမျိုး.တကယ်တော့မဟုတ်ပါဘူး.အဲ့တာက ခဏတာမွှန်တယ်ပြောမလား.အဲ့ရည်းစားနဲ့တွဲတာ ၃ လကျော်လောက်ကြာရင်သိလာလိမ့်မယ်.. စတွဲချင်းတုန်းကည၂နာရီ ၃နာရီထိ စကားတွေထိုင်ပြောလို့မရိုးနိုင်ဘူး

၃လလောက်လဲကြာရော သူနဲ့စကားပြောတာနဲ့ကိုယ်ကငိုက်ချင်နေပြီ အရင်ကတော့မျက်နှာလေးမြင်ရတာနဲ့ သေမလိုရင်ခုန် နည်းနည်းလဲကြာရော ဒီမျက်နှာတွေ့လဲဂရုစိုက်စရာမရှိဘူး အဲ့တာတွေကလဲ ဖြစ်ရိုးဖြစ်စဉ်ပါပဲ

တကယ်ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေပေါ့ အဲ့လိုမှမဟုတ်ပဲ ဒီလူအကြောင်း အမြဲစဉ်းစား.ဒီလူကအရေးကြီးဆုံး ဒီလူမှမရှိရင်မဖြစ်ဘူးဆိုတာမျိုး.ဒီလူအတွက်သေရဲတယ် ဘာညာ အဲ့လိုမျိုးလူတစ်ယောက်ကို စွဲစွဲလမ်းလမ်းကြီး ရူးမူးပြီး ချစ်ပြနေရင်တော့ မင်းလေး အသဲကွဲဖို့ကအတော်လေးနီးစပ်နေပြီ..

ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ တည်မြဲတဲ့အရာဘာမှမရှိဘူး အသက်ကဖြင့် ၁၆ နှစ်တောင်မပြည့်သေးပဲ ဒီရည်းစားကို လက်ထပ်ဖို့ရည်ရွယ်ထားတယ်ဆိုတာက ဖြစ်သင့်ရဲ့လား? တွေးကြည့်နော်

မင်းအတွက် ယောကျာ်း (သို့မဟုတ်) မိန်းမကပေါပါတယ်… ဒါပေမဲ့မင်းလေးကို အသည်းမခွဲမဲ့သူကတော့ အတော်ရှားတယ်အဲ့တာကြောင့် အသည်းမကွဲချင်ရင် ချစ်သူမထားပါနဲ့ အပျော်တွဲတဲ့ရည်းစားတွေထားပစ်လိုက်ပါ

ချစ်သူဆိုတာတစ်ယောက်ထဲရှိတာမို့ တွေ့သမျှလူချစ်သူလို့မှတ်ထင်ပြီး ရူးရူးမူးမူးမချစ်မိပါစေနဲ့အဲ့တာဆိုရင် မင်းလေးအတွက်အသည်းကွဲဖို့က ရာခိုင်နှုန်းအတော်နည်းသွားပါပြီ ကိုယ့်အတွေ့အကြုံလေးတွေအရ ပထမဆုံးရေးသာဖော်ပြခြင်း

CRD ‘ဆူးနှင်းဆီ(or)မမဆူး(or)အဆူးလေး

Leave a Reply

Your email address will not be published. Required fields are marked *