လမ်းခွဲပြီးတဲ့အခါ ပိုပြီး ခံစားရတာ ယောက်ျားလေးတွေပါ..









ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း

Unicode

လမ်းခွဲပြီးတဲ့အခါ ပိုပြီး ခံစားရတာ ယောက်ျားလေးဘက်ကပါ။

ချစ်သူနှစ်ဦး လမ်းခွဲပြီးတဲ့အခါမှာ အမျိုးသားတွေက အပြင်ပန်းမှာတော့ ဘီယာလေးသောက်ရင်း၊ ဘောလုံးပွဲအကြောင်းလေးပြောရင်း ပြတ်သားတဲ့ မျက်နှာထားနဲ့ နေနိုင်ကောင်း နေနိုင်ပါလိမ့်မယ်။

ဒါပေမဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ သူများတွေ ထင်နေကြသလို မဟုတ်ဘဲ အချစ်ရေးတစ်ခု အဆင်မပြေရင် အမျိုးသားတွေက ပိုပြီး ခံစားရတယ်လို့ သိရပါတယ်။

အချစ်ရေးမှာ အနိမ့်အမြင့်အတက်အကျတွေ၊ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေဖြစ်လာတိုင်း အမျိုးသမီးတွေထက် အမျိုးသားတွေက ပိုပြီး စိတ်ခံစားမှုမြင့်ကြပါတယ်။ ဒါပေမဲ့ ယောက်ျားမာနကြောင့် အပြင်ပန်းမှာ ဘာမှမဖြစ်သလို အားတင်းထားနိုင်ကြတာဖြစ်တယ်။

အမျိုးသမီးတွေဟာ အသည်းကွဲ ခံစားရရင် ခံစားချက်တွေကို သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်တတ်ကြပါတယ်။ အမျိုးစားအများစုကတော့ ခံစားချက်တွေကို မျိုသိပ်ထားကြပြီး အရက်နဲ့ပဲ အဖော်ပြုတတ်ကြပါတယ်။

ချစ်သူရဲ့ ထားသွားခြင်းက လူငယ်အမျိုးသားတွေကို ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ကျစေပါတယ်။ အမျိုးသမီးတွေက အသည်းကွဲရင် စိတ်ဓာတ်ကျပြီး အိမ်တွင်းအောင်းတာ၊ တစ်နေ့လုံး အိပ်လိုက်စားလိုက် လုပ်နေတာမျိုးနဲ့ နေ့ရက်တွေကို ဖြတ်သန်းတတ်ကြပါတယ်။

ဒါပေမဲ့ အမျိုးသားတွေကတော့ အချစ်ကြောင့် ခံစားရရင် အရက်မူးအောင်သောက်၊ ဒေါသထွက် ပေါက်ကွဲ၊ ပြဿနာရှာပြီး ဝေဒနာတွေကို ကုစားတတ်ကြပါတယ်။ ချစ်သူပစ်သွားလို့ ၇ နှစ်တိတိ အရက်သောက်ပြီး အသည်းကွဲဝေဒနာခံစားနေရတဲ့ အမျိုးသားတစ်ယောက်အကြောင်းကိုလည်း မကြာသေးခင်က facebook ပေါ်မှာ ဖတ်လိုက်ရပါတယ်။

ရည်းစားသစ်ရတဲ့တိုင် ရည်းစားဟောင်းကို မမေ့ဘဲ တိုက်ဆိုင်တိုင်း သတိရတတ်နေတာလည်း အမျိုးသားအများစုဖြစ်တယ်လို့ စစ်တမ်းများအရ သိရပါတယ်။

သင့်အမြင်လေးတွေကိုလည်း comment box မှာ မျှဝေသွားနိုင်ပါတယ်နော်။

ခရက်ဒစ် ဂန္ထဝင်မဂ္ဂဇင်း

Leave a Reply

Your email address will not be published. Required fields are marked *