သမီးလေးဗစ်တိုးရီးယားတို့မိသားစုကို လိုအပ်တာတွေကူညီချင်တယ်ဆိုတဲ့ ဟန်ထူးလွင်

အဆိုတော် ဟန်ထူးလွင်က နေပြည်တော်မှာ ဖြစ်ပေါ်ခဲ့တဲ့ သက်ငယ်မုဒိမ်းမှုအတွက် သမီးလေး ဗစ်တိုးရီးယားတို့ မိသားစုကို တက်နိုင်သလောက် ကူညီပေးချင်တယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ လုံခြုံရေးကိုလည်း စိတ်ပူတယ်လို့ ပြောပါတယ်။ လူမမည်တွေကို rape လုပ်တာ မျောက်တွေမှာလည်းရှိပါတယ်။ ကျွန်တော် ကြားဖူးတာတော့ မျောက်တွေဟာသူတို့ထဲမှာ အဲဒီလိုဖြစ်ပြီဆိုရင် တရားခံမျောက်ကို လူစုပြီးသတ်ပစ်ကြရပါတယ်။…

မောင်နှမတွေထဲမှာ အလတ်တွေပဲ ပိုင်ဆိုင်ထားတဲ့ အထူးအားသာချက် (၇)ခု

သင်ဟာ မွေးချင်းထဲမှာ အလတ်တစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သင့်အနေနဲ့ အကြီးတစ်ယောက်လောက်ဂရုစိုက်မခံရဘူး၊ အငယ်လေးလောက် အချစ်မခံရဘူးလို့ ထင်ကောင်းထင်နေမှာပါ။ ဒါပေမယ့် အလတ်တစ်ယောက်အဖြစ်ကြီးပြင်းလာရခြင်းရဲ့ အားသာချက်တွေက အံမခန်းပါနော်။ ဖတ်ကြည့်လိုက်ပါဦး။ (၁) တခြားလူတွေသင်ပြစရာမလိုဘဲ ကိုယ်တိုင်နားလည်နိုင်စွမ်းရှိ အလတ်လေးတွေဟာ မိသားစုနဲ့ပတ်သက်တဲ့တချို့ကိစ္စတွေကို နားလည်မှုလွဲတတ်ကြပေမယ့် အဲ့ဒီလိုဖြစ်နေတယ်ဆိုတာကို ဘယ်သူကမှတည့်မတ်ပေးစရာမလိုဘဲ သူတို့ကိုယ်တိုင် သင်ယူနားလည်နိုင်စွမ်းရှိကြပါတယ်။ (၂) ရင့်ကျက်တဲ့သူလေးတွေ မိသားစုက…

Paul တီးတဲ့ စန္ဒယား သံစဉ်တွေနားထောင်ပြီးမျက်ရည်ကျခဲ့ရတဲ့ မျက်မမြင်ဆင်ကြီး

Paul Barton ဆိုတဲ့ စန္ဒယားပညာရှင်တစ်ဦးဟာ ထိုင်းဘက်ကို နောက်ဆုံးခရီးသွားခဲ့ပြီးနောက် အဲ့ဒီမှာ လအနည်းငယ်ကြာအောင် နေထိုင်ခဲ့ပါတယ်။ ထိုမှာ နေထိုင်နေစဉ် သူဟာ အမှတ်မထင်ပဲ Khwan ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီး အိမ်ထောင်ကျခဲ့ပါတယ်။ Khwan ဟာ တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သတ်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့ကြောင့်ဇနီးသည်နဲ့အတူ သွားရောက်ခဲ့ပြီး…

သီချင်းခွေထုတ်နိုင်ဖို့ အနည်းဆုံး သိန်း(၁၀၀၀) ရှိမှ ထုတ်နိုင်ကြောင်း ပြောပြလာခဲ့တဲ့ စိုင်းစိုင်း

ဟစ်ဟော့ အဆိုတော်တစ်ယောက်အဖြစ် (၁၅) နှစ်ကျော်တိုင် ယနေ့ချိန်ထိ အောင်မြင်မှု ရရှိနေဆဲဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ အမျိုးသမီးလေးတွေရဲ့ အကြိတ်အနှယ် ၀န်းရံခြင်း ခံရသူ အနုပညာရှင်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်မင်းသားတစ်ယောက်လည်း ဖြစ်တဲ့ပြင် ရုပ်ရှင်လောကမှာလည်း ခေါင်းဆောင် မင်းသားနေရာကချည်း နေရာ ရရှိထားသူတစ်ယောက်ပါ။ လက်ရှိမှာတော့ အဆိုတော်တွေ အခွေထုတ်ဖို့ အတွက်…

အသဲကွဲနေပီလား ဒီစာလေးကို ဖတ်လိုက်ပါ

အသဲကွဲနေပီလား?သင့်ချစ်သူနဲ့ လမ်းခွဲထားလို့ဝမ်းနည်းနေလား? သင့် crush ကချစ်ရသူရှိသွားလို့ကြေကွဲနေရလား? ၀မ်းမနည်းပါနဲ့ အားတင်းထားလိုက်ပါ။ (၁) သင့်ကိုချစ်တဲ့အခြားသူတွေတွေအများကြီးရှိပါသေးတယ် သူကသင့်ကိုမချစ်ပေမယ့် သင့်ကိုချစ်တဲ့အခြားသူတွေကိုမေ့မသွားပါနဲ့။သင့်ကိုတန်ဖိုးထားတဲ့သူတွေ အများကြီးရှိနေသေးတယ်ဆိုတာမမေ့ပါနဲ့။ (၂) စိတ်ဒဏ်ရာတွေကို အင်အားအဖြစ်ပြောင်းလိုက်ပါ သူ့ကြောင့်ရတဲ့စိတ်ဒဏ်ရာတွေကို သင့်ဘ၀အတွက်အထောက်အကူပေးနိုင်တဲ့အရာတွေကိုလေ့လာရင်း ကုစားပါ။ သင့်လုပ်ချင်တဲ့အရာတွေကိုချရေးထားပီးသူ့အကြောင်းတွေးမိလာတာနဲ့တန်းပီး ကိုယ်လုပ်ချင်တဲ့အရာကိုလေ့လာပါ။ (၃) မေ့ပစ်ဖို့မကြိုးစားပါနဲ့ သင်သူ့ကိုမေ့ပစ်ချင်တယ်လို့တွေးနေတိုင်း အမြဲတန်းသတိရနေသလိုဖြစ်နေမှာပါ။မေ့ပစ်ဖို့မကြိုးစားပဲ သူကိုယ့်အနားကထွက်သွားပီဆိုတာကိုလက်ခံဖို့ကြိုးစားပီးသင်ကသူ့ထက်သာတဲ့တစုံတယောက်နဲ့…

နှလုံးသားလှပြီး ကြင်နာတတ်တဲ့ သူလေးတွေမှာ တွေ့ရမယ် အမူအကျင့်(၆)မျိုး

လောကကြီးထဲမှာ စိတ်ဓာတ်ယုတ်မာ အောက်တန်းကျတဲ့သူတွေရှိသလို စိတ်ထားကောင်းပြီး နှလုံးသားလှတဲ့သူတွေလည်း အများကြီးရှိပါတယ်။ နှလုံးသားလှပြီးကြင်နာတတ်တဲ့သူတွေဟာ ဒီလိုစိတ်နေစိတ်ထားမျိုးရှိကြတာကြောင့် သင်ရောဘယ်နှချက်နဲ့ကိုက်ညီနေလဲ စစ်ဆေးကြည့်လိုက်ပါဦး။ (၁) အခွင့်အရေးထပ်ပေးတတ်တယ် သင့်ကိုလိမ်ညာတဲ့သူ၊ နာကျင်အောင်လုပ်တဲ့သူ၊ သင့်အပေါ် သစ္စာဖောက်တဲ့သူတွေကို ဒုတိယအကြိမ် အခွင့်အရေးပေးတတ်တယ်ဆိုရင် ဒါဟာ အမှတ်မရှိတာ မဟုတ်ပါဘူး၊ သူတို့အပေါ် စာနာစိတ်ရှိတာ၊ သဘောထားကြီးတာပါ။ သင်ဟာဒီလို အခွင့်အရေးထပ်ပေးတတ်တဲ့…

သွေးအမျိုးအစားအလိုက် အချစ်ရေးနဲ့ပတ်သက်တဲ့ဟောကိန်းများ

ကိုယ့်ရဲ့သွေးအမျိုးအစားအလိုက် တွက်ချက်ပြီး ခန့်မှန်းထားတဲ့ဟောကိန်းလေးတွေအများကြီးရှိပါ တယ်။ ကိုယ်တို့လည်းထောင့်စေ့နေအောင်ဖတ်ဖူးကြပါရဲ့ ..။ ဒါပေမယ့် ဒီတစ်ခါပြောချင်တာကတော့ အချစ်ရေးမှာ ကံခေလွန်းတဲ့သွေးအမျိုးအစားလေးတွေအကြောင်းပါ။ ( ၁ ) A သွေးပိုင်ရှင်လေးများ အချစ်ရေးနဲ့ပတ်သက်လာရင် ရေခဲတုံးတစ်တုံးလို၊ ခပ်အေးအေးနဲ့ တည်တည်ငြိမ်ငြိမ်ရှိတတ်တဲ့သူလေးတွေပေါ့။ အေ သွေးလေးတွေရဲ့ မူလစရိုက်ကိုက ခပ်အေးအေးနေတတ်ကြတဲ့အတွက် သူတို့တွေဟာ အချစ်ရေးမှာရော၊…

ပြတ်သွားတဲ့ စုံတွဲတွေကိုကြည့်ပြီး ရနိုင်တဲ့ သင်ခန်းစာ (၃)မျိုး

စုံတွဲတွေပြတ်ကြတာကို မကြာခဏမြင်ဖူး၊ ကြုံဖူးမှာပါ။ ကိုယ့်သူငယ်ချင်းတွေထဲမှာကို ရည်းစားနဲ့ပြတ်ကြတဲ့သူတွေအများကြီးပါ။ တချို့ဆို နှစ်တွေအများကြီး ၊အချိန်တွေအကြာကြီးတွဲကြပြီးမှပြတ်သွားကြတဲ့သူတွေတောင် ရှိပါတယ်။ ဒီလိုအတွဲတွေပြတ်ကြရင် မအံ့သြပါနဲ့။ သူတို့က သင့်ကို ဒါတွေသင်ပေးသွားတယ်လို့ပဲ မှတ်ထားလိုက်ပါ။ (၁) ချစ်နေရုံနဲ့မလုံလောက်ပါ လူနှစ်ယောက်သာ တကယ့်အချစ်စစ်အချစ်မှန်နဲ့ချစ်ကြမယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ် အတူတူရင်ဆိုင်ကြမယ်၊ ဘယ်လိုအတားအဆီးမျိုးပဲတွေ့တွေ့အတူတူကျော်ဖြတ်ကြမယ်၊ ဘယ်လိုအရာတွေဖြစ်လာဖြစ်လာ အတူတူဖြေရှင်းနိုင်ရမှာပဲလို့ မတွေးလိုက်ပါနဲ့။…

ထိုင်းမလေးများ နှစ်ခြိုက်စွာအသုံးပြုနေကြတဲ့ ထိုင်းရိုးရာ အသားအရေထိန်းသိမ်းနည်း (၅)မျိုး

မိန်းကလေးတိုင်းက ကြည်လင်လှပတဲ့ အသားအရေ၊ ပိုးသားလေးလို လှပတဲ့ဆံကေသာမျိုးကို လိုချင်ကြပါတယ်။ မိတ်ကပ် မလိမ်းထားရင်တောင် သဘာဝအတိုင်းလှနေဖို့ဆိုရင် အသားအရေထိန်းသိမ်းတာကို နေ့တိုင်းစိတ်ရှည်ရှည်နဲ့ လုပ်ပေးသွားဖို့လိုပါတယ်။ အသားအရေထိန်းသိမ်းနည်းလမ်းတွေ အများကြီးရှိတဲ့ထဲက ထိုင်းနိုင်ငံက မိန်းကလေးတွေရဲ့ ထိုင်းရိုးရာ သဘာဝအသားအရေထိန်းသိမ်းနည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) နနွင်းမှုန့်မျက်နှာသစ် နနွင်းမှုန့််အနည်းငယ်ကို ရေနည်းနည်းနဲ့ရောပြီး မျက်နှာအနှံ့လိမ်းပြီး လက်ချောင်းထိပ်လေးတွေနဲ့ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။ ၁၀ မိနစ်လောက်ကြာရင် ရေအေးနဲ့မျက်နှာသစ်ပေးပါ။ မျက်နှာပေါ်က…

လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူး (၇) ခု

လူဆိုတာ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ နေထိုင်ကြရတာဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို လုံးဝမှုမထားလို့တော့ မရပါဘူး။ ပတ်ဝန်းကျင်ကို ဂရုစိုက်သင့်သလောက်တော့ ဂရုစိုက်ရမယ်ဆိုပေမယ့် လွန်ကဲစွာ ဂရုစိုက်ခြင်းကလည်း မကောင်းပါဘူး။ ခုဖော်ပြပေးမှာကတော့ လူတွေကို ဂရုမစိုက်ပဲနေလိုက်တဲ့အခါ၊ ဂရုစိုက်မှုကို လျှော့ချလိုက်တဲ့အခါ ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ (၁) လူတွေကို ဂရုမစိုက်ပဲနေလိုက်တဲ့အခါ သင့်ရဲ့ကြောက်ရွံ့ပူပန်မှုတွေ…