မီးဖိုချောင် ပန်းကန်ဆေးသည့် နေရာက တိတ်တဆိတ်လူသတ်သမား “စတီးခွေ” အကြောင်း………

လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။ အိပ်ယာထဲကမထနိုင်သလို အစားအသောက်ပါမစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ။ သူခံစားနေရတဲ့ ဝေဒနာကိုမေးကြည့်တော့ ချက်နားက စူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ် ။ ဆေးခန်း ပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲပေးသတဲ့။ ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်..အစာအိမ်မှာအနာရှိသလား..အူခေါက်သလား..အူကင်ဆာလားပေါ့။ စိတ်ထဲမှာ မသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။ ဆရာဝန်ကြီးက…

လူငယ်တစုရဲ ဆင်တုပ်ကွေးအကြောင်း သီချင်း လူမှုကွန်ရက်တွင် ရေပန်းစား (ရုပ်သံ)

လက်ရှိအဖြစ်များနေတဲ့ ဆင်တုပ်ကွေးအကြောင်းကို လူငယ်တစုက သီချင်းလုပ်ဆိုထားပြီး ဖေ့စ်ဘွတ်ခ်မှာ လူကြည့်များနေပါတယ်။ ကိုယ်တွေပူနေပြီ အချစ်လေးရေ  နာကျင်ကိုက်ခဲလို့နေတယ် တကိုယ်လုံးကွယ်  ဒါကိုသိရင်တော့ အခက်သားကွယ်ဆင်တုပ်ကွေးလို့ခေါ်တယ်မှတ်ထား ကိုယ်တွေပေါ်မှာလည်း အကွက်များနဲ့  ကြွက်သားများနဲ့ အဆစ်တွေလည်း ကိုက်ခဲလို့  လို့ ဆိုပြီး ဆင်တုပ်ကွေးလက္ခဏာတွေနဲ့ သူတို့က သီချင်းကို စ ထားပါတယ်။ ဒီသီချင်း…

အူအတက်​ ​ပေါက်​ခါနီးရင်​ ဖြစ်​တတ်​​သော လက္ခဏာ များ

အူအတက်​ ​ပေါက်​ခါနီးရင်​ ဖြစ်​တတ်​​သော လက္ခဏာ များ 1.ခါတိုင်းထက်ပို၍ ဆိုးရွားစွာဗိုက်အောင့်ခြင်း အူအတက်ရောင်ခြင်းကြောင့်ခံစားရတဲ့နာကျင်မှုဟာလွန်စွာဆိုးရွားကာချက်နားတစ်ဝိုက် မှတဆင့်ညာဘက်ဝမ်းဗိုက်အောက်ပိုင်းထိ ပျံ့နှံ့နိုင်ပါတယ်။ ဒီလိုနာကျင်မှုဟာအူအတက်ပေါက်တော့မယ်လို့ဆိုလိုတာမဟုတ်ပေမယ့် သေချာစေဖို့အတွက်ကွန်ပျူတာဓာတ်မှန်ကဲ့သို့ စစ်ဆေးမှုမျိုးကိုမူပြုလုပ်သင့်ပါတယ်။ အူအတက်ရောင်တဲ့လူနာတွေမှာမတူညီတဲ့မသက်မသာဖြစ်မှုတွေအမျိုးမျိုးရှိတတ်ကြပါတယ်​။ လမ်းလျှောက်ခြင်း၊ ချောင်းဆိုးခြင်း၊ကားပေါ်တက်ခြင်းစတဲ့လှုပ်လှုပ်ရှားရှားအပြုအမူတွေကြောင့်နာကျင်တဲ့ဝေဒနာကိုခံစားရပါကဝမ်းဗိုက်တပြင်လုံးဟာ​ရောင်ရမ်းနေလို့ပဲဖြစ် ပါတယ်။ ၎င်းအခြေအနေသည်အူအတက်ပေါက်လုဆဲဆဲ(သို့) ပေါက်ပြီးတာဖြစ်နိုင်ပါတယ်။ 2. ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း အူအတက်ရောင်တဲ့သူတိုင်းဒီလိုရောဂါလက္ခဏာတွေခံစားရတာမဟုတ်ပါဘူး။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအပြင်အထက်ပါလက္ခဏာတွေခံစားနေရပြီဆိုပါက…

အန္တရာယ်ကင်းစွာနဲ့ အသင့်စားခေါက်ဆွဲပြုတ်တွေကို စားသုံးနိုင်မယ့် နည်းလမ်းအမှန်

အသင့်စားခေါက်ဆွဲထုပ်တွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အစားအများဆုံး အစားအစာတစ်မျိုးဖြစ်ပြီး လူကြိုက်လည်းများ၊ အရသာလည်းရှိတဲ့ အစားအစာဖြစ်ပါတယ်။ ချက်ပြုတ်ရ လွယ်ကူသလို၊ အရသာလည်း မျိုးစုံရှိတာကြောင့် အစားကောင်းကြိုက်တဲ့သူတွေအတွက်တော့ ခေါက်ဆွဲပြုတ်က မပါမဖြစ်ပါပဲ။ အသင့်စားခေါက်ဆွဲပြုတ်တွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာ သိကြပေမယ့် မစားဘဲနဲ့လည်း မနေနိုင်ကြပြန်ပါဘူး။ ရေနွေးဆူဆူထဲမှာ ထည့်၊ အရသာတွေကို ရောပြီး ၃…

နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာတွေ ကုသဖို့ လွယ်ကူထိရောက်တဲ့ နည်းလမ်းများ

ရာသီဥတုလည်း မအေးတော့ပါဘဲ နှုတ်ခမ်းခြောက်သွေ့အက်ကွဲတာတွေဖြစ်နေတာက ဘာလို့များပါလိမ့်။ များသောအားဖြင့် နှုတ်ခမ်းခြောက်ပြီး ကွဲတဲ့အခါ နှုတ်ခမ်းနီအဆီဆိုးလိုက်ရင် သက်သာသွားတတ်ကြပေမယ့် တခါတရံမှာ နှုတ်ခမ်းကွဲတာက သင်ထင်မထားတဲ့တခြားအကြောင်းရင်းတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ ပျိုမေတို့ သိထားဖို့လိုအပ်တဲ့ နှုတ်ခမ်းခြောက်ရတဲ့အကြောင်းရင်းလေးတွေနဲ့ လွယ်ကူထိရောက်တဲ့ကုသနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အသားအရေဓာတ်မတည့်မှုကြောင့် ပျိုမေတို့အနေနဲ့ခါတိုင်းဆောင်းတွင်းမှာတောင် နှုတ်ခမ်းမခြောက်တတ်ဘဲ ရုတ်တရက်ကြီးနှုတ်ခမ်းတွေခြောက်သွေ့အက်ကွဲတာ ဖြစ်လာတယ်ဆိုရင်တော့ လက်ရှိသုံးနေတဲ့ အလှကုန်၊ skin care တွေထဲက…

မိတ်ကပ်လိမ်းဖို့ မလိုအောင်လှတဲ့ အလှပိုင်ရှင်တစ်ယောက် ဖြစ်ဖို့ ဒါလေးတွေ လုပ်ကြည့်ပါ

မိန်းကလေးတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ အလှကိုယ်စီကို ပိုင်ဆိုင်ထားကြတာကြောင့် မိတ်ကပ်မလိမ်းရင်မလှတော့ဘူးလို့ မထင်လိုက်ပါနဲ့နော်။ မိတ်ကပ်မလိမ်းထားလည်း မိတ်ကပ်လိမ်းထားတာထက် ပိုလှနေစေမယ့် လျှို့ဝှက်ချက်လေးတွေရှိပါတယ်။ ဒီအချက်လေးတွေကိုသာ လိုက်နာလိုက်ရင် ဘယ်အချိန်မှာပဲဖြစ်ဖြစ် လှပစမတ်ကျပြီး အဆင့်အတန်းမြင့်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် လူတွေကြားထဲ ထင်ရှားနေမှာပါ။ (၁) Skin care ကို ဂရုတစိုက်လုပ်ပါ မိတ်ကပ်မလိမ်းထားဘဲ လှနေဖို့ဆိုရင်…

ကျန်းမာရေးဓာတ်စာဖြစ်တဲ့ ရုံးပတီသီးအစွမ်း

ရုံးပတီသီးဟာ ကျန်းမာရေးအတွက် အလွန်အသုံးဝင်လှတာကို လူတွေသိကြမှာပါ။ဝေဒနာများစွာကို သက်သာစေတယ်ဆိုလည်း မမှားပါဘူး။ ရုံးပတီသီးဟာ ဈေးကြီးပေးရတာမဟုတ်သလို နေရာတိုင်းရနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ရုံးပတီသီး ကိုစားပေးခြင်းဖြင့် ဆီးချိုကိုထိန်းပေးနိုင်တယ်လို့ဆိုပါတယ်။ အစာခြေလမ်းကြောင်းမှာရှိတဲ့ သကြားစုပ်ယူမှုနှုန်းကို ထိန်းထားနိုင်ပြီး သွေးချိုနှုန်းတွေကိုလည်း တည်ငြိမ်စေပါတယ်။ ပြီးတော့ သွေးထဲမှာ ရှိတဲ့ ကိုလက်စထရောတွေကို ထိန်းထားနိုင်ပါတယ် ။ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်တွေပါဝင်မှုကြောင့်လည်း…

ဟင်းသီးဟင်းရွက်တွေရက်ရှည်လတ်ဆတ်နေအောင် နည်းမှန်လမ်းမှန်သိမ်းဆည်းနည်း(၁၀)မျိုး

ဈေးကနေဟင်းသီးဟင်းရွက်တွေဝယ်လာပြီးရင် အချိန်ကြာနိုင်သလောက်ကြာကြာလတ်ဆတ်နေအောင် သူတို့ကို နည်းမှန်လမ်းမှန်သိမ်းဆည်းထားဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်အမျိုးအစားကိုလိုက်ပြီး ဘယ်လိုထုပ်ပိုးသိမ်းဆည်းထားရမလဲ၊ ဘယ်အမျိုးအစားတွေကို အတူတူမထားသင့်ဘူးလဲဆိုတာလေးတွေကို ဖော်ပြပေးချင်ပါတယ်။ အိမ်ရှင်မတို့အတွက် အသုံးဝင်မယ့်နည်းလေးတွေဖြစ်လို့ ပြန်ပြီး မျှဝေဖို့မမေ့နဲ့နော်။ (၁) သခွားသီး တွေကို တခြား အသီးအနှံတွေနဲ့ မရောဘဲ သူ့ချည်းပဲသီးသန့်ထားပေးဖို့လိုတာကြောင့် တခြားအသီးအနှံတွေထည့်တာနဲ့ မတူတဲ့အကန့်မှာထားပေးပါ။ (၂) ဟင်းခတ်အမွှေးအကြိုင် အဖြစ်ထည့်ချက်တဲ့ နံနံပင်၊ ပင်စိမ်း၊ ရှမ်းနံနံ စတာတွေကို ပန်းအိုးထိုးသလိုမျိုး ဖန်ခွက်လေးထဲမှာရေနည်းနည်းထည့်ပြီ…

ဒေါသတွေ၊ ဝမ်းနည်းစိတ်တွေပျောက်သွားပြီး ပျော်ရွှင်သွားစေမယ့် သိပ္ပံနည်းကျနည်းလမ်း (၃)မျိုး

စိတ်ဖိစီးမှုတွေအရမ်းများတာမျိုး၊ ဒေါသတွေအရမ်းကြီးနေတာမျိုး၊ ဝမ်းနည်းပြီး စိတ်ဓာတ်တွေကျနေတာမျိုးတွေ ဖြစ်နေတယ်ဆိုရင်တော့ သင့်ရင်ထဲက မကောင်းတဲ့ခံစားချက်တွေအားလုံးကို လျော့ပါးသက်သာသွားအောင် လုပ်နိုင်ပါတယ်။ သင့်ရင်ထဲက မကောင်းတဲ့ စိတ်ခံစားချက်တွေအားလုံးကို ပျောက်ကင်းသွားစေမယ့် နည်းလမ်းလေးတွေကို သိပ္ပံပညာရှင်တွေကရှာတွေ့ထားပါတယ်။ သင်ဝမ်းနည်းလာတိုင်း၊ ခံစားချက်တွေမကောင်းတိုင်း လုပ်ကြည့်လိုက်ပါနော်။ (၁) အပြာရောင်မီး သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အပြာရောင်မီးရောင်ဟာ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းစိတ်ပျက်တာတွေကို…

ဆံပင်အုံထူလာပြီး ဗောက်မထလာစေဖို့အတွက် “ဂျင်း” ရဲ့ အသုံးဝင်ပုံ (၅) မျိုး

ဂျင်းက ဆံသားအတွက် သဘာဝက ပေးတဲ့ ဆေးမြစ်ဖြစ်ပါတယ်။ ဂျင်းကို ကြိတ်ပြီးရေနဲ့ရောပေးပြီးရင် ဦးရေပြားပေါ်လိမ်းပေးတာက ဆံပင်ကျွတ်တာတွေကနေ သက်သာသွားမှာပါ။ ဒါ့အပြင် ဆံပင်အုံထူလာစေပြီး ဗောက်ကင်းစင်လာမှာပါ။ ဂျင်းက ဆံသားအတွက်အပြင် ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေနိုင်ပါတယ်။ (၁) ဆံပင်ကျွတ်တာတွေကို ကာကွယ်ပေးတယ် ဂျင်းမြစ်မှာ ဆံသားတွေကို အာဟာရဖြစ်စေတဲ့ magnesium, potassium,…