ရုံးတက်စရာမလိုပဲ အိမ်မှာနေပြီး အလုပ်,လုပ်ခွင့်ပေးတဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ(၇)ခု

ခေတ်ကြီးက တဖြည်းဖြည်းတိုးတက်လာတာနဲ့အမျှ လူတွေရဲ့နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံ၊ ပြောဆိုဆက်ဆံပုံတွေ ပြောင်းလဲလာတာတင်မက အခုဆိုရင် အလုပ်လုပ်ပုံတွေပါ တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။

(၂၀၀၀)ခုနှစ်နောက်ပိုင်းမှာ လူမှုကွန်ယက်တွေ အသုံးပြုမှု များပြားလာတာနဲ့အမျှ ဒီလူမှုပေါ်ကပဲ လူတော်တောများများဟာ ဆက်သွယ်ပြောဆိုလာကြပါတယ်။

The Society of Human Resources Management ရဲ့ စစ်တမ်းအရ (၂၀၁၉)ခုနှစ်မှာ ရှိသမျှ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ၆၉ ရာခိုင်နှုန်းဟာအလုပ်သမားတွေကို ရုံးသို့ တကူးတကမလာခိုင်းပဲ အိမ်ကနေလုပ်ခိုင်းကြောင်း သိရှိရပါတယ်။

ဒါ့ကြောင့် CNBC သတင်းဌာနရဲ့ ဖော်ပြချက်အရ ရုံးသို့တကူးတကသွားစရာမလိုပဲ အိမ်ကနေအလုပ်လုပ်နိုင်တဲ့ ထိပ်တန်းကုမ္ပဏီ၇ခုအကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

၁။ Appen

Appen ကုမ္ပဏီဟာ သြစတြေးရီးယားနိုင်ငံ၊ New South Wales ပြည်နယ်၊ Chatswood မြို့မှာ တည်ရှိတာဖြစ်ပြီး စက်မှုဆိုင်ရာနည်းပညာကုမ္ပဏီတစ်ခုပါ။ ခေါ်ယူလေ့ရှိတဲ့ အလုက်အကိုင်တွေကတော့ ဘာသာဗေဒကျွမ်းကျင်ပညာရှင်တွေနဲ့ ဓာတ်လှေကားကျွမ်းကျင်သူတွေပဲ ဖြစ်ပါတယ်။

၂။ EF Education First

EF Education First ကုမ္ပဏီကတော့ Cambridge မြို့မှာ တည်ရှိတာဖြစ်ပြီး ပညာရေးသင်တန်းကျောင်းတစ်ခုလည်း ဖြစ်ပါတယ်။ သာသာစကားတော်တော်များများပြောတတ်သူတွေ၊ စာရေးတတ်သူတွေနဲ့ IT နည်းပညာကျွမ်းကျင်သူတွေကိုသာ ခေါ်ယူလေ့ရှိကြောင်း သိရပါတယ်။

၃။ Concentrix

ဒီကုမ္ပဏီကတော့ အရောင်းဖက်ဆိုင်ရာစီးပွားရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး California ပြည်နယ်၊ Fremont မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ခေါ်ယူလေ့ရှိတဲ့ အလုပ်အကိုင်တွေကတော့ အရောင်းနဲ့ ပတ်သတ်တဲ့ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။

၎။ United Health Group

ဒီကုမ္ပဏီကတော့ ကျန်းမာရေး စောင့်ရှောက်မှုကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး Minneapolis မြို့မှာ တည်ရှိတာဖြစ်ပါတယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုဒါရိုက်တာ၊ ဆေးဖက်ဆိုင်ရာဒါရိုက်တာ နဲ့ ဆေးပညာကျွမ်းကျင်သူတွေကိုသာ ခေါ်လေ့ရှိကြောင်း သိရပါတယ်။

၅။ TTEC

TTEC ကုမ္ပဏီဟာ Colorado ပြည်နယ်၊ Engle Wood မြို့မှာ တည်ရှိပြီး စီးပွားရေးကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ အရောင်းနဲ့ပတ်သတ်တဲ့ ဝန်ထမ်းတစ်ချို့နဲ့ software အင်ဂျင်နီယာတွေကိုသာ ခေါ်လေ့ရှိကြောင်း သိရပါတယ်။

၆။ Hmana

အဆိုပါ ကုမ္ပဏီဟာ Kentucky ပြည်နယ်၊ Louisville မြို့မှာ တည်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ အရောင်းမန်နေဂျာ၊ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ နဲ့ အရောင်းသမားခေါင်းဆောင်တစ်ချို့ကို ခေါ်လေ့ရှိကြောင်း သိရပါတယ်။

၇။ Dell

Dell Laptop ကိုတော့ လူတိုင်းလိုလို သိကြမှာပါ။ ကွန်ပျူတာနည်းပညာ ကူမ္ပဏီကြီးတစ်ခုဖြစ်ပြီး Texas ပြည်နယ်၊ Round Rock မြို့မှာ တည်ရှိပါတယ်။ ခေါ်ယူလေ့ရှိတဲ့ အလုပ်အကိုင်တွေကတော့ ပရိုဂရမ်မန်နေဂျာ၊ အရောင်းသမားတစ်ချို့နဲ့ account သမားတွေကို ခေါ်ယူလေ့ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *