မိတ်ကပ်မလိမ်း၊ မခွဲစိတ်မပြုပြင်ထားတဲ့ သဘာဝမျက်နှာလေးနဲ့ အရမ်းလှနေတဲ့ ချစ်သုဝေ

ဆယ်ကျော်သက်အရွယ်ကတည်းက အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ ချစ်သုဝေက ရုပ်ရှင်လောကမှာလည်း အောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။

ချစ်သုဝေက အိမ်ထောင်ကျ၊ ကလေးမွေးပြီးနောက်ပိုင်း ရုပ်ရှင်မရိုက်တော့ပဲ သီချင်းတွေရိုက်ရင်း ကြော်ငြာတွေကိုသာ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်သုဝေရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးနေလျက်ရှိပါတယ်။

ချစ်သုဝေက အခုဆိုရင် အသက် (၃၆) နှစ်အရွယ် ကလေးနှစ်ယောက်အမေဖြစ်ပေမယ့် ငယ်ငယ်ကအတိုင်း မပြောင်းလဲပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ချစ်သုဝေက စိတ်ထားလေး နူးညံ့သိမ်မွေ့သူမို့ မျက်နှာလေးက အမြဲတမ်း အေးချမ်းနေတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ချစ်သုဝေက သူမရဲ့ အပြင်ထွက်လျှောက်လည်ခဲ့တဲ့ ပုံရိပ်တွေကို မျှဝေထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ချစ်သုဝေရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သုဝေကတော့ မခွဲစိတ်၊ မပြုပြင်ထားပဲ မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာလေးနဲ့တောင် အရမ်းလှနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်သုဝေရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

ချစ်သုဝေကတော့ အားလုံးရဲ့ ရင်ကို အေးမြစေသူလေးတစ်ယောက် ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Chit Thu Wai’s fb

Leave a Reply

Your email address will not be published. Required fields are marked *