ဓနုဖြူခံတပ်မှ မြန်မာ့ ရှေးဟောင်း အမြောက်ကြီးများကို ဇေကမ္ဘာပြတိုက်တွင် ထားရှိမည်

ဓနုဖြူခံတပ်မှ မြန်မာ့ ရှေးဟောင်း အမြောက်ကြီးများကို ဇေကမ္ဘာပြတိုက်တွင် ထားရှိမည်…

အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်ခဲ့သူစစ် သူကြီးမဟာဗန္ဓုလအသုံးပြုခဲ့သော ဓနု ဖြူခံတပ်မှ ရှေးဟောင်း မြန်မာ့အမြောက် ကြီးများကို ဇေကမ္ဘာပြတိုက်တွင် ထားရှိ မည်ဖြစ်ကြောင်း အဆိုပါပြတိုက်မှူး ဦးခင်ညိုက ပြောပါသည်။

ယင်းအမြောက်ကြီးများကို တံငါသည်များငါးရှာရင်း လွန်ခဲ့သော ၅ နှစ်ခန့်က ဧရာဝတီမြစ်အတွင်းမှ ဆယ်ယူရရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းကို မျိုးဆက်သစ်များအနေဖြင့် သမိုင်းအမွေအနှစ်ကို သိရှိ လေ့လာနိုင်ကြစေရန်ရည်ရွယ်၍ သားစဉ် မြေးဆက်ကြည့်ရှုနိုင်ရန် ဇေကမ္ဘာပြတိုက် တည်ထောင်သူ ဒေါက်တာခင်ရွှေကဝယ်ယူ စုဆောင်းထားခဲ့ခြင်းဖြစ်ကြောင်း ဦးခင်ညိုကရှင်းပြသည်။

“ပြတိုက်မှာက လက်ရှိ အမြောက် နှစ်လက်ရောက်နေပါပြီ။ နောက်ထပ်နှစ် လက်ထပ်ရောက်ပါမယ်။ ကျွန်တော်တို့ရဲ့ ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌကြီး ဒေါက်တာခင်ရွှေက ရှေးဟောင်းပစ္စည်းတွေ ပြည်ပကို တရားမဝင်ရောက်သွားမှာစိုးရိမ်လို့ ဝယ်ယူစုဆောင်းထားတာတွေ အများကြီးရှိပါတယ်။ ပြတိုက်မှာထားရှိမယ့် ရှေးဟောင်း အမွေအနှစ်တွေဟာ ခုဆိုရင် ထောင်နဲ့ချီ ရှိနေပါပြီ” ဟု ယင်းကပြောသည်။

ရရှိထားသော အမြောက်အရေအတွက်မှာ (၄)လက်ရှိပြီး ပြတိုက်အတွင်း ထားရှိသောအခါ စစ်သူကြီးမဟာဗန္ဓုလ၏ နောက်ဆုံးခံတပ်နှင့်ပတ်သက်၍ ဗဟုသုတရရှိစေမည့် သမိုင်းအထောက်အထား များနှင့်တကွ ဖော်ပြထားရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ ဓနုဖြူမြို့တွင် မြန်မာ-အင်္ဂလိပ်ပထမစစ်ပွဲတွင် မြန်မာစစ်သည်တော်များ ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ခဲ့ကြသော ခံတပ်အုတ်ရိုးအပိုင်းအစနှင့် စစ်ပွဲအတွင်း ကျဆုံးခဲ့သူ စစ်သူကြီးမဟာဗန္ဓုလ အထိမ်းအမှတ်နေရာများ ရှိနေသေးကြောင်း၊ အုတ်ရိုးအစိတ်အပိုင်းနှစ်ခုစလုံးမှာ အရှေ့နှင့်အနောက် တစ်တန်းတည်းတည်ရှိနေပြီး ဧရာဝတီမြစ်ဘက်သို့ ထိုးထွက်နေကြောင်း သိရှိရသည်။

မေငယ်

Leave a Reply

Your email address will not be published. Required fields are marked *