ကျောင်းဆက်တက်ရမှာမို့ Winner ဆုမပေးခဲ့တာလားဆိုတဲ့မေးခွန်းကို အကောင်းဆုံးဖြေရှင်းလိုက်တဲ့ အေးမြဖြူ

ပရိသတ်ရဲ့အချစ်တော်အေးမြဖြူကတော့ မြန်မာအိုင်ဒေါရဲ့အသက်အငယ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပြီး Top-3 ထိတက်လှမ်းနိုင်ခဲ့သူတစ်ယောက်ပါ။

ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းပြည့်မီသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားပြည့်ဝတာကြောင့် ပရိသတ်အားလုံးရဲ့ချစ်ခင်အားပေးခြင်းကို ရရှိထားသူတစ်ယောက်ပါ။

အမျိုးသမီးပြိုင်ပွဲဝင်တွေအားသာတယ်လို့ သတ်မှတ်ထားတဲ့ဒီပြိုင်ပွဲကြီးမှာ ပရိသတ်အချို့ကတော့ အေးမြဖြူကို Winner အဖြစ်ခန့်မှန်းခဲ့ကြပြီး ထင်သလိုမဖြစ်လာတဲ့အခါ အေးမြဖြူက ကျောင်းဆက်တက်ရမှာမို့ မြန်မာအိုင်ဒေါရဲ့အကျိုးအမြတ်အရ Winner မပေးခဲ့ဘူးဆိုတဲ့ဝေဖန်သံတစ်ချို့ထွက်ပေါ်လာခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အေးမြဖြူကိုမေးမြန်းခဲ့တဲ့အခါမှာတော့ “အဲ့ဒါကတော့မဟုတ်လောက်ပါဘူး…

သမီးက Winner ဖြစ်တာမဖြစ်တာထက်လေ အောင်မြင်မှုကိုလည်းရချင်တယ်.. အောင်မြင်မှုရတဲ့အဆိုတော်တစ်ယောက်ဖြစ်ချင်တယ်… Winner ဖြစ်ချင်တဲ့သူတစ်ယောက်အနေနဲ့မဟုတ်ဘဲပေါ့နော်…

အခုလိုမျိုးဆိုရင်လည်း သမီးကိုအရမ်းအားပေးတဲ့သူတွေရှိတဲ့အတွက်ကြောင့်မို့ သမီးဆက်ပြီးတော့ အကောင်းဆုံးကြိုးစားသွားဖို့ပဲရှိပါတော့တယ်.. ပြိုင်ပွဲတုန်းက ကိစ္စကတော့ ပြီးသွားပြီပေါ့နော်…

ပြိုင်ပွဲတုန်းက Winner ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ သမီးကိုအားပေးတဲ့ပရိသတ်တွေကနောက်မှာ အများကြီး ရှိနေတယ်.. ဝန်းရံပေးတဲ့သူတွေကလည်း နောက်မှာအများကြီးရှိနေတယ်ဆိုတော့ ဆက်ပြီးကြိုးစားသွားမှာပါ” လို့အကောင်းဆုံးဖြေကြားခဲ့ပါတယ်။

ငယ်ရွယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်လုပ်ခဲ့သူအေးမြဖြူကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ဒါရိုက်တာဏကြီးရိုက်ကူးမယ့် “ချစ်ခင်စမှော်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးဖို့ကမ်းလှမ်းခံထားရပါသေးတယ်။

အခုမှ လူကြီးဖြစ်ကာစဆိုပေမယ့် ပညာရေးနဲ့ အနုပညာဘက်မှာသာမက အရွယ်နဲ့မမျှအောင် ရင့်ကျက်ပြီးစိတ်ထားပြည့်ဝသူလေးမို့ ပရိသတ်တွေအချစ်ပိုနေရတာဆိုလည်းမမှားပါဘူးနော်။

Leave a Reply

Your email address will not be published. Required fields are marked *